ပညာရွှေဘုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ဘ/က ကျောင်း စတင်ဖွင့်လှစ်သည့် နှစ် ကျောင်းသူကျောင်းသားများ

ပညာရွှေဘုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

၂၀၁၀ - ၂၀၁၁ ပညာရေးနှစ်ကျောင်းဆောင်

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, May 6, 2011

သိသင့်တာနဲ့ လုပ်သင့်တာလေး

မလေးရှားနိုင်ငံ မှာလာရောက် ရှာဖွေလုပ်ကိုင်နေကြသော ဗုဒ္ဓဘာသာဝင်များ သာသနာတော်၏ အစောင့်အရှောက် နှင့်မဝေးစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာပြည်မှ ဆရာတော်သံဃာတော်များကို ပင့်ဆောင်၍ တရားသဘင် ပွဲများအား ကျင်းပခဲ့သူများရှိခဲ့သောကြောင့် မြန်မာအလုပ်သမားမိသားစုများအဖို့ အင်မတန်မှပင် ဝမ်းမြောက်ဝမ်းသာနှင့် သွားရောက် နာကြားခွင့်များရခဲ့ကြရပါသည် ။ သို့ရာတွင် ယခု ၁၃၇၃ခုနှစ် ကဆုန် လဆန်း ၁၃ ရက် ( ၁၅ ၊ ၅ ၊ ၂၀၁၁ ) တနင်္ဂနွေနေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့လာရောက်၍ ဟောကြားမည်ဟုဆိုသော ဘုန်းကြီးတစ်ပါးနှင့်ပတ်သက်၍ သိထားသင့် သည်များရှိနေပါသည် ။ ( မလေးရှားတင်မကပါ တစ်ခြားနိုင်ငံများသို့လည်းသွားရောက်ရန်စီစဉ်ထားပုံရပါသည်)

မည်သည့်ရည်ရွယ်ချက်မျိုး ကို ကိုယ်စားပြု၍ ဗုဒ္ဓဘာသာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်လာသည်ကိုမူ မေးစရာတော့ရှိနေပါသည် ၊ မလေးရှားမှာ ခန်းမငှါးပြီးဟောမှာက နိုင်ငံရေးလဲ မဟုတ်ဘူး ၊ ဘာသာရေးလဲမဟုတ်ဘူးတဲ့ ၊ စိတ်ဓါတ်မြင့်တင်ရေးကိုဟောပြောမှာပါတဲ့ အဲတာဘာကိုဆိုလိုနေလဲဆိုတာနည်းနည်းတော့သိသင့်ကြပါပြီနော် သင်္ကန်းကို ဝတ်ထားတဲ့သံဃာတော်ဆိုရင် သံဃာတော်တို့ရဲ့ အလုပ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားဟောကြား ပြသပေးခဲ့တဲ့ တရားဓမ္မစကား တွေကိုသာ ဟောပြောပြသပြီး သတ္တဝါတွေအတွက် သံသရာမှာကောင်းကျိုးချမ်းသာရအောင်သာဆောင်ရွက်ကြမှာပါ တရားဓမ္မ ကိုမသိပဲ စိတ်ဓါတ်မြင့်တင်ရေးကိုလုပ်ချင်ပြောချင်ရင်လဲ လူထွက်ပြီး စာရေးဆရာတွေဟောသလို လိုက်ဟောသင့် ပါတယ် ခုလို လုပ်နေကြပုံကတော့ တမင်သက်သက် ဘာသာရေးအထိကရုဏ်းဖြစ်အောင်လာလုပ်နေသလိုဖြစ်နေပြီ ဒါတွေကို လူတွေက မသိတာ တော့မဟုတ်ပါဘူးသိကြပါတယ် တချို့ကြတော့လဲ တကယ်ကိုမသိကြသူတွေရှိနေကြတာကိုလဲ ကိုယ်တိုင် တွေ့မြင်မိလို့ ဒီအကြောင်းကို မဖြစ်မနေအားလုံးကိုသိအောင်ပြောပြမှ ဖြစ်တော့မယ်ဆိုပြီးဒီစာရေးဖြစ်သွားတာပါပဲ ၊ သူ့ကို စပွန်ဇာ ပေးပြီးပင့်ဆောင်လာသူတွေဟာ မလေးရှားမှာ စီးပွားလာရှာနေကြတဲ့ မြန်မာပြည်က မွတ်စလင်ဘာသာဝင် တွေပါပဲ ဗုဒ္ဓဘာသာ ဝင်တွေကပင့်လာတာမဟုတ်ပါဘူး ဆိုတော့က ဒီဘုန်းကြီးဟာ တရားပွဲ လုပ်မယ်ဆိုတဲ့ ရက်တွေထက် တစ်လ ကျော်လောက်ကို စောပြီးတော့ ကွာလာလမ်ပူမှာ သူ့ဟောပြောပွဲကိုလာကြဖို့ စည်းရုံးတဲ့စာစောင်တွေကို ဖြန့်ချီနေကြ တော့ မဖြစ်သင့်တာ တွေမဖြစ်ရအောင်တားတဲ့သဘောနဲ့ ဒီစာကိုရေးရတာပါပဲ ၊ သူဟောမှာကို သွားနားမထောင် ကြဘူး ဆိုရင် တော့ အကောင်းဆုံးပါပဲ တချို့ကတော့ မကျေမနပ်တွေဖြစ်နေကြပြီး ရန်မူလိုတဲ့ဆန္ဒတွေရှိနေကြတာကိုလဲ သိရတော့ ဒါဟာကောင်းတဲ့အလုပ်မဟုတ်ပါဘူးလို့တော့ပြောပါရစေ ဘုန်းကြီးအယောင်ဆောင်အတုလို့သတ်မှတ်ကြတယ် သိကြတယ်ဆိုရင် ဆရာတော်တွေနဲ့ တိုင်ပင်ပြီးတော့ လူဝတ်လဲခိုင်း သင်္ကန်းကိုချွတ်ခိုင်းတာမျိုးပဲ တရားဝင်အားဖြင့်ဆောင်ရွက်ကြစေလိုပါတယ် ။ ဟောပြောပွဲကို သဘောမတူကြောင်း ဆန္ဒပြကြမယ့် အဖွဲ့တွေ ရှိနေပါပြီ အားလုံးပဲ ဟောပြောပွဲကို မသွားသင့်ဘူးဆိုတာတော့ သိလောက်ပါပြီနော် ဒေါသတွေကိုရှေ့ထားပြီး လက်လွန်ခြေလွန် တွေလုပ်ပြီး မမှားသင့်တာတွေ့မမှားရအောင် စဉ်းစားပြီးလုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ရပါတယ် သာသနာတော်ကြီးကို စောင့်ရှောက်ကြတဲ့အခါမှာလဲ အကုသိုလ်စိတ်ဖြစ်တဲ့ ဒေါသစိတ်များကို အရင်ချိုးနှိမ်ပြီး ကောင်းစွာစောင့်ရှောက်နိုင်ကြပါစေ။ ဒီဘုန်းကြီးအကြောင်းကိုရေးထားတဲ့ ပို့စ် ကို ဒီမှာပါတဲ့လင့်ကိုဖွင့်ပြီးကြည့်လိုက်ကြပါဦး။   ဒီမှာနှိပ်လိုက်ပါ ဒီမှာနှိပ်လိုက်ပါ
                                                                            thuwunnaoscar