ပညာရွှေဘုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ဘ/က ကျောင်း စတင်ဖွင့်လှစ်သည့် နှစ် ကျောင်းသူကျောင်းသားများ

ပညာရွှေဘုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

၂၀၁၀ - ၂၀၁၁ ပညာရေးနှစ်ကျောင်းဆောင်

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, September 23, 2011

မလေးရှားနိုင်ငံတွင် ဘုရားစေတီ တည်ဆောက်ရေးတွင် လုပ်အားပေးနေကြသည့် မြင်ကွင်းများ

မလေးရှားနိုင်ငံ စမုံညှင်းဒေသ စိမ်းလန်းသော တောတောင်များအားနောက်ခံ အမှီပြု၍ တည်ထားကိုးကွယ်မည်ဖြစ်သော အမည်နာမ မပေးရသေးသည့် စေတီတော်တွင် ၂၅ ရက် ၉လ ၂၀၁၁ တနင်္ဂနွေနေ့ တွင် အထက်ဌာပနာတိုက်တွင်းသို့ ကျောက်မျက် ရတနာများ ဌာပနာပစ္စည်းများ ကို သေတ္တာလေးလုံး တွင်ခွဲဝေ၍ထည့်သွင်းကာ ဌာပနာပိတ်ပွဲ အခမ်းအနားကျင်းပမည်ဖြစ်ပါသည် စေတီတော် တည်ဆောက်ရေး ကာလအတွင်း၌ များပြားလှစွာသော ဗုဒ္ဓဘာသာအနွယ်ဝင်သူတော်စင်တို့ အုပ်တစ်ချပ် သဲတစ်ပွင့် ပါဝင်၍ တစ်နိုင် တစ်ပိုး လူ၏ကာယလုပ်အားဒါန ချွေးနည်းစာတို့ဖြင့် ငွေအားဒါန အစုစုတို့ဖြင့် အားသွန်ခွန်စိုက်ပါဝင်၍ လုပ်အားပေးနေကြသော မြင်ကွင်းများကို စုစည်းတင်ပြထားပါသည်။
ယနေ့တိုင် လုပ်အားပေးပါဝင်ခဲ့ကြသော်လည်း အလုပ်ပိတ်ရက်များဖြစ်သော စနေ၊ တနင်္ဂနွေနေ့များတွင်သာ လုပ်အားပေး သူလုံလောက်၍ ကြားရက်များဖြစ်သော တနင်္လာမှ သောကြာနေ့ အထိ ကြားကာလများတွင် လုပ်အားပေးနိုင်မည့်သူများ လိုအပ်လျက် ရှိနေကြောင်းကိုလည်း လုပ်အားဒါန ပါဝင်လိုသူများသိရှိနိုင်ကြစေရန် တင်ပြလိုက်ရပါသည်။ စေတီတော်တည်ဆောက်ရေးအတွက်တာဝန်ယူ တည်ဆောက်နေကြသော မြန်မာအင်ဂျင်နီယာများနှင့် တရုတ်အင်ဂျင်နီယာများ အား ဆရာတော်ကြီးများမှ ဦးစီးဦးဆောင်ပြု၍ မြန်မာမှုထုံးတမ်းစဉ်လာများနှင့် အညီ စနစ်တစ်ကျတည်ဆောက်နေကြကြောင်းကိုလည်း မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရပါသည်။
စေတီတော်၏ အရှေ့ဘက်မျက်နှာစာရှိ ကျောက်ဆစ်တုံးကြီးကိုလည်း မလေးရှားဒေါ်လာ ၄ သိန်းရင်းဂစ်ကျော် အကုန်အကျခံကာ လျောင်းတော်မူ ဘုရားဆင်းတုတော်ကြီးအဖြစ် ထုဆစ်ပုံသွင်းနေကြသည်ကိုလည်းတွေ့ကြရမည်ဖြစ်ပါသည်။
ဝေးလံခေါင်သီသော အရပ်ဒေသတွင် ဖြစ်လင့်ကစား ရပ်ဝေးမှပင် လာရောက်၍လုပ်အားဒါနပြုနေကြသော ကုသိုလ်ရှင်အပေါင်းတို့အား အာဟာရဒါနပြုလျက် လိုလေသေးမရှိ အလျှံအပါယ်ပင် ချက်ပြုတ်ကျွေးမွေးလှူဒါန်းနေသူများလည်း ပင်ပန်းသည်မထင်ရ တတပ်တအားပျော်ပျော်ပါးပါးနှင့်သာတွေ့ကြရမည် ဖြစ်ပါတော့သည်။